Menu
X
image
2 years ago Posted in: News

ကိုဗစ်ဖြစ်ပြီးရင် သတိထားသင့်တဲ့ အချက်များ

ကိုဗစ်ဗိုင်းရပ်စ်က အဆုတ်ကို အဓိက ထိခိုက်စေတဲ့အပြင် အခြားသောကိုယ်အင်္ဂါတွေကိုပါ ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလို့ ပြန်ကောင်းပြီဆိုပြီး မပေါ့ဆသင့်ပါဘူး။ ဘာတွေ သတိထားသင့်ပြီး ဘယ်ချိန်လောက်မှာ ပုံမှန်ပြန်ဖြစ်မလဲ? ========================== ကိုဗစ်တတိယလှိုင်းမှာ လူတော်တော်များများ ကိုဗစ်ဖြစ်ကြပါတယ်။ တချို့က ဖြစ်မှန်းမသိကြဘူး။ တချို့က ဖျားနာ၊ အနံ့ပျောက်ရုံလောက်ပဲဖြစ်ကြတယ်၊ တချို့က အောက်ဆီဂျင်နည်းနည်းကျတယ်၊ တချို့က အောက်ဆီဂျင်တော်တော်လေးကျတယ်၊ ကိုဗစ်ဖြစ်ပြီးရင် ဖျားတာနာတာ မရှိတော့ဘူး၊ အောက်ဆီဂျင် ပုံမှန် ပြန်ဖြစ်ပြီ၊ ၁၄ ရက် ပြည့်ပြီ၊ ကိုယ်ခံအားကို စစ်ပြီး ကိုယ်ခံအားပေါ်နေပြီ၊ ပုံမှန်ပြန်ဖြစ်ပြီဆိုပြီး မပေါ့ဆ သင့်ပါဘူး။ ကိုဗစ်ဖြစ်ပြီးရင် ကိုဗစ်ရဲ့နောက်ဆက်တွဲရောဂါ အခြေအနေတွေ ဖြစ်တတ်တာကို သတိထားရပါမယ်။ ကိုဗစ်က အဆုတ်ကို ထိခိုက်စေတဲ့အပြင် – နှလုံးနှင့် သွေးကြော – ကျောက်ကပ် Read More

Read More
image
2 years ago Posted in: News

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာများ

လူတွေဟာ အသက်အရွယ်ရလာတဲ့အခါမှာ လည်ပင်းအဆစ်တွေကြားက အရိုးနုချပ်ပြားလေးများဟာ ပျက်စီးယိုယွင်းလာတတ်ပါတယ်။ အဆစ်တွေ တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်း၊ အဆစ်ကိုတွယ်ထားသော ကြွက်သားများ၊ အရွတ်များ ဒဏ်ဖြစ်ပြီး ရောင်ရမ်းတောင့်တင်းလာခြင်း၊ အရိုးအတက်များထွက်ကာ အာရုံကြောများအားဖိမိခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။ လည်ပင်းကျီးပေါင်းတက်ခြင်းဟာ အသက်အရွယ်ကြီးသူများတွင် အဖြစ်များပြီး စစ်တမ်းများအရ အသက် ၆၀ ကျော်သူများ၏ ၈၅% တွင် လည်ပင်းကျီးပေါင်းဖြစ်နိုင်ပြီး အချို့သောသူများတွင် ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။ လူငယ်များတွင်လည်း အထူးသဖြင့် ကွန်ပျူတာအသုံးပြုမှုများသူများ၊ စက်ချုပ်အပ်ချုပ်လုပ်သူများ၊ လည်ပင်းထိခိုက်ဒဏ်ရာရဖူးသူများတွင် ဖြစ်ပေါ်နိုင်ပါတယ်။ ရောဂါလက္ခဏာများမှာ လည်ပင်းတဝိုက်ကြွက်သားနာခြင်း၊ တောင့်တင်းခြင်း ဇက်ကြောတက်၊ ခေါင်းကိုက်ခြင်း လက်၊ခြေထောက်များထုံကျဉ်ခြင်း၊ အားနည်းခြင်း လမ်းလျှောက်ရာတွင်ခက်ခဲခြင်း (ယိုင်ခြင်း၊ တည့်တည့်မလျှောက်နိုင်ခြင်း ) ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။ ဤရောဂါလက္ခဏာများခံစားရတိုင်းလည်း လည်ပင်းကျီးပေါင်းရောဂါဟု တထစ်ချမပြောနိုင်ပါ။ ရောဂါသေချာစေရန်အတွက် အထူးကုဆရာဝန်ကြီးများနှင့် Read More

Read More
image
2 years ago Posted in: News

ဆင်ရေယုန် နှင့်နောက်ဆက်တွဲ နာကျင်မှု

လူနာ: “ ဆရာ . မျက်နှာတစ်ခြမ်းဘာဖြစ်သွားလဲမသိဘူး။ မနေ့ညမအိပ်ခင်အချိန်အထိအကောင်းရယ်။ မိုးလင်းအိပ်ယာနိုးတော့ စပ်ဖျဉ်းဖျဉ်းဖြစ်နေတယ်ထင်လို့မှန်ကြည့်လိုက်တော့မှတွေ့တာ။ မျက်နှာတစ်ခြမ်း နီရဲနေတာ၊ အရည်ကြည်ဖုလေးတွေလည်းတန်းစီပြီးပေါက်နေတာ” ဆရာ: “ အကောင်တစ်ကောင်ကောင် ကိုက်သွားတာများလား” လူနာ: “မဟုတ်လောက်ဘူးဆရာ၊ ခြင်ထောင်နဲ့အိပ်တာ။ ပြီးတော့ ကလေးနဲ့အမျိုးသားလည်းအတူအိပ်တာ။ သူတို့ဘာမှမဖြစ်ကြဘူးလေ။” လူနာကိုအနီးကပ်သေချာစမ်းသပ်စစ်ဆေးပြီးနောက်- ဆရာ: “ ယားလား? …. နာလား ? ….. စပ်လား ?” လူနာ: “ ဘယ်လိုပြောရမလဲမသိဘူးဆရာ။ နာသလိုလို စပ်သလိုလို နဲ့။ ယားတာတော့လုံးဝမယားဘူး သေချာတယ်” ဆရာ: “အရေပြားရောဂါတော်တော်များများက ယားတာ။ အခုဟာကတော့ မယားဘူး၊ နာသလိုတောင်ရှိနေတယ်ဆိုတော့ ရေယုန်ဗျ။သေချာတယ်။ ဆင်ရေယုန် Herpes Zoster ပါဗျာ” လူနာ: “ ဟယ်-ဘာလို့ဖြစ်တာလဲမသိဘူးနော်” ဆရာ: “ Read More

Read More
image
2 years ago Posted in: News

သွေးလွန်တုပ်ကွေး‌‌‌ကြောင့် အသက်မဆုံးရှုံးရလေအောင်

(ဖတ်ရန်ကြာချိန် – ၃ မိနစ်) သွေးလွန်တုပ်ကွေး (Dengue Hemorrhagic Fever – DHF )ဆိုသည်မှာ နာမည်အတိုင်း သွေးလွန် – သွေး‌ကြောများမှ သွေးယိုထွက်နိုင်ပြီး တုပ်ကွေး – တုပ်‌ကွေးမိသည့်အတိုင်း ဖျားနာကိုက်ခဲစေနိုင်ပါတယ်။ ကျား၊မ အသက်အရွယ်မရွေး ဖြစ်ပေါ်စေနိုင်ပြီး အသက် (၁၅) နှစ်အောက် ကလေးများတွင် ပိုမိုအဖြစ်များပါတယ်။ သွေးလွန်တုပ်ကွေးသည် Flavi Virus ကို သယ်ဆောင်လာတဲ့ Aedes ခြင်ကိုက်ခြင်းမှ ကူးစက်တတ်ပြီး ရောဂါအစပျိုးသည့်ကာလ (Incubation Period) သည် ၃ ရက်မှ ၁၄ ရက်အထိ ကြာမြင့်တတ်ကာ အများအားဖြင့် ၄ ရက်မှ ၇ရက် ကြာတတ်ပါတယ်။ ယခုလို မိုးရာသီ ခြင်ပေါက်ဖွားသည့် အချိန်ကာလတွင် ကလေးများတွင် Read More

Read More

© Copyright 2024 City Hospital Mandalay. All rights reserved.

Feedback
Feedback
How would you rate your experience?
Do you have any additional comment?
Next
Enter your email if you'd like us to contact you regarding with your feedback.
Back
Submit
Thank you for submitting your feedback!