Menu
X
← Back to Doctor Directory
image
  News

လည်ပင်းကျီးပေါင်းရောဂါအကြောင်း သိကောင်းစရာများ

လူတွေဟာ အသက်အရွယ်ရလာတဲ့အခါမှာ လည်ပင်းအဆစ်တွေကြားက အရိုးနုချပ်ပြားလေးများဟာ ပျက်စီးယိုယွင်းလာတတ်ပါတယ်။ အဆစ်တွေ တစ်ခုနှင့်တစ်ခု ပွတ်တိုက်ခြင်း၊ အဆစ်ကိုတွယ်ထားသော ကြွက်သားများ၊ အရွတ်များ ဒဏ်ဖြစ်ပြီး ရောင်ရမ်းတောင့်တင်းလာခြင်း၊ အရိုးအတက်များထွက်ကာ အာရုံကြောများအားဖိမိခြင်းတို့ ဖြစ်ပေါ်နိုင်ပါတယ်။

လည်ပင်းကျီးပေါင်းတက်ခြင်းဟာ အသက်အရွယ်ကြီးသူများတွင် အဖြစ်များပြီး စစ်တမ်းများအရ အသက် ၆၀ ကျော်သူများ၏ ၈၅% တွင် လည်ပင်းကျီးပေါင်းဖြစ်နိုင်ပြီး အချို့သောသူများတွင် ရောဂါလက္ခဏာများ ခံစားရနိုင်ပါတယ်။ လူငယ်များတွင်လည်း အထူးသဖြင့် ကွန်ပျူတာအသုံးပြုမှုများသူများ၊ စက်ချုပ်အပ်ချုပ်လုပ်သူများ၊ လည်ပင်းထိခိုက်ဒဏ်ရာရဖူးသူများတွင် ဖြစ်ပေါ်နိုင်ပါတယ်။

ရောဂါလက္ခဏာများမှာ

▫️လည်ပင်းတဝိုက်ကြွက်သားနာခြင်း၊ တောင့်တင်းခြင်း

▫️ဇက်ကြောတက်၊ ခေါင်းကိုက်ခြင်း

▫️လက်၊ခြေထောက်များထုံကျဉ်ခြင်း၊ အားနည်းခြင်း

▫️လမ်းလျှောက်ရာတွင်ခက်ခဲခြင်း (ယိုင်ခြင်း၊ တည့်တည့်မလျှောက်နိုင်ခြင်း )

▫️ဆီး၊ ဝမ်း မထိန်းနိုင်ခြင်း စသည်တို့ဖြစ်နိုင်ပါသည်။

ဤရောဂါလက္ခဏာများခံစားရတိုင်းလည်း လည်ပင်းကျီးပေါင်းရောဂါဟု တထစ်ချမပြောနိုင်ပါ။ ရောဂါသေချာစေရန်အတွက် အထူးကုဆရာဝန်ကြီးများနှင့် တိုင်ပင်ဆွေးနွေးကုသပြီး လိုအပ်၍ ဆရာဝန်ကြီးများမှ ညွှန်ကြားပါက X- ray ဓာတ်မှန်ရိုက်ကြည့်နိုင်ပါသည်။ ဓာတ်မှန်ရိုက်ကြည့်ခြင်းဖြင့် လည်ပင်းအဆစ်ကျွံခြင်း၊ အတက်ထွက်ခြင်းများကိုတွေ့ရှိနိုင်ပြီး အာရုံကြောအခြေအနေများ ပိုမိုတိကျစွာသိရှိနိုင်ရန်အတွက် MRI (သံလိုက်ဓာတ်မှန်) နှင့် CT Scan (ကွန်ပျူတာဓာတ်မှန်) များရိုက်ကြည့်နိုင်ပါသည်။

ကုသနိုင်သည့် နည်းလမ်းများမှာ

▫️ ဆေးသောက်ခြင်း

▫️ လည်ပင်းထောက် (ကော်လာ) တပ်ဆင်ခြင်း

▫️ လေ့ကျင့်ခန်းလုပ်ခြင်း၊ ခဲဆွဲခြင်း

▫️ ခွဲစိတ်ကုသခြင်း တို့ဖြစ်ပါသည်။

မြို့တော်ဆေးရုံတွင် ကျွမ်းကျင်သော အထူးကုဆရာဝန်ကြီးများ၊ ခေတ်မီစက်ကိရိယာများ (Digital X-ray, 640 Slice CT Scan, 1.5 T MRI) နှင့် လေ့ကျင့်ရေးစင်တာ (Rehabilitation Center) တို့ဖြင့် လူနာများ၏ ကျီးပေါင်းရောဂါကို အကောင်းဆုံးတိုင်ပင်ဆွေးနွေး ကုသပေးလျှက်ရှိပါသည်။


© Copyright 2024 City Hospital Mandalay. All rights reserved.

Feedback
Feedback
How would you rate your experience?
Do you have any additional comment?
Next
Enter your email if you'd like us to contact you regarding with your feedback.
Back
Submit
Thank you for submitting your feedback!