ကိုဗစ်ဖြစ်ပြီးရင် သတိထားသင့်တဲ့ အချက်များ
ကိုဗစ်ဗိုင်းရပ်စ်က အဆုတ်ကို အဓိက ထိခိုက်စေတဲ့အပြင် အခြားသောကိုယ်အင်္ဂါတွေကိုပါ ထိခိုက်နိုင်ပါသေးတယ်။ ဒါကြောင့် ကိုဗစ်ဖြစ်ပြီးလို့ ပြန်ကောင်းပြီဆိုပြီး မပေါ့ဆသင့်ပါဘူး။ ဘာတွေ သတိထားသင့်ပြီး ဘယ်ချိန်လောက်မှာ ပုံမှန်ပြန်ဖြစ်မလဲ? ========================== ကိုဗစ်တတိယလှိုင်းမှာ လူတော်တော်များများ ကိုဗစ်ဖြစ်ကြပါတယ်။ တချို့က ဖြစ်မှန်းမသိကြဘူး။ တချို့က ဖျားနာ၊ အနံ့ပျောက်ရုံလောက်ပဲဖြစ်ကြတယ်၊ တချို့က အောက်ဆီဂျင်နည်းနည်းကျတယ်၊ တချို့က အောက်ဆီဂျင်တော်တော်လေးကျတယ်၊ ကိုဗစ်ဖြစ်ပြီးရင် ဖျားတာနာတာ မရှိတော့ဘူး၊ အောက်ဆီဂျင် ပုံမှန် ပြန်ဖြစ်ပြီ၊ ၁၄ ရက် ပြည့်ပြီ၊ ကိုယ်ခံအားကို စစ်ပြီး ကိုယ်ခံအားပေါ်နေပြီ၊ ပုံမှန်ပြန်ဖြစ်ပြီဆိုပြီး မပေါ့ဆ သင့်ပါဘူး။ ကိုဗစ်ဖြစ်ပြီးရင် ကိုဗစ်ရဲ့နောက်ဆက်တွဲရောဂါ အခြေအနေတွေ ဖြစ်တတ်တာကို သတိထားရပါမယ်။ ကိုဗစ်က အဆုတ်ကို ထိခိုက်စေတဲ့အပြင် – နှလုံးနှင့် သွေးကြော – ကျောက်ကပ် Read More
Read More