ဝါဆိုသင်္ကန်းကပ် အလှူတော်မင်္ဂလာအခမ်းအနား

သာသနာနှစ်-၂၅၇၀-နှစ် ၊ကောဇာသက္ကရာဇ်-၁၃၈၈ခုနှစ်၊ ‌ဝါဆိုလပြည့်နေ့၊ (၂၉.၇.၂၀၂၆) ဗုဒ္ဓဟူးနေ့တွင် ပြင်ဦးလွင်မြို့နယ်၊ မြေပုံကျေးရွာအုပ်စု၊ ငြိမ်းချမ်းပြည့်၀ဆုတောင်းရ ဘုရားကြီး၌ ဖိုက်အိုးရှင်း ဆားဗစ်စ် လီမိတက် (ညိမ်းဆေးရုံ နှင့် မြို့တော်ဆေးရုံ)မိသားစုတို့မှ သံဃာတော်အရှင်သူမြတ်များအား ဝါဆိုသင်္ကန်း၊ ဆွမ်း၊ ခဲဖွယ်၊ လှူဖွယ်ဝတ္ထုပစ္စည်း အစုစုတို့ကို ကြည်ညိုသဒ္ဓါတရားအပြည့်ဖြင့် ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြပါသည်။

ဤသို့ ပြုလုပ်ခဲ့သော ကုသိုလ်ကောင်းမှုအစုစုသည် ပါဝင်လှူဒါန်းသူအားလုံးနှင့် မိဘပြည်သူအပေါင်းတို့အတွက် ကိုယ်ကျန်းမာ၊ စိတ်ချမ်းသာ၍ လိုရာဆန္ဒများ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။

အလှူတော်၏ ကြည်နူးဖွယ်ရာ အမှတ်တရပုံရိပ်များကို မျှဝေပေးလိုက်ပါသည်။