Menu
X

Healthcare Club Member

ရည်ရွယ်ချက်

လူတိုင်းကျန်းမာ၊ စိတ်ချမ်းသာ၊ ရောဂါဘယဘေး၊ ကင်းစင်ဝေး၊ ငြိမ်းအေးကြစေရန်။

အသင်းသားတိုင်းရရှိမည့် အထူးအခွင့်အရေးများ

(၁)အသင်းဝင်သူတိုင်းကို တစ်နှစ်သက်တမ်းရှိ Goal Member အသင်းဝင်ကဒ်ပြားထုတ်ပေးပါမည်။

(၂) အသင်းသားတစ်ဦးချင်းစီအတွက် အသင်းဝင်ပြီးနောက် အောက်ဖော်ပြပါ ကျန်းမာရေးစစ်ဆေးခြင်းများထဲမှ မိမိအသင်းဝင်သည့် အမျိုးအစားအလိုက် တစ်နှစ်အတွင်း တစ်ကြိမ်အခမဲ့စစ်ဆေးနိုင်ခြင်း။

Type I

Urine RE, Stool RE, Haemogram, Fasting Lipid Profile, Fasting Sugar, Urea, Creatinine, ECG, CXR, Ultrasound

Type II

Urine RE, Stool RE, Haemogram, Fasting Lipid Profile, Fasting Sugar, Urea & Electrolyte, Creatinine, ECG, CXR, Ultrasound

Type III

Urine RE, Stool RE, Haemogram, Fasting Lipid Profile, Fasting Sugar, LFT(AST), GGT, AFP, CEA, Urea, Creatinine, ECG, CXR, Ultrasound, TSH, Free T3, T4, CA199, PSA(M), CA125(F)

(၃) အထူးကုဆရာဝန်ကြီးများနှင့် ပြသရန်လိုအပ်သည့်အခါ ပြသနိုင်မည့်အချိန်နှင့် အမှတ်စဉ်ကို ဆေးခန်းမှ ဦးစားပေး ကြိုတင်စီစဉ်ပေးထားခြင်းကြောင့် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းစရာမလိုခြင်း၊ (လာပြလိုလျှင် ဆေးရုံသို့ကြိုတင် ဆက်သွယ်ရပါမည်။)

(၄) လိုအပ်သော ဓါတ်ခွဲစစ်ဆေးမှုများ၊ တီဗွီဓါတ်မှန်ရိုက်ခြင်းများနှင့် အခြားလိုအပ်သောစစ်ဆေးမှုများကို အချိန် ကြာမြင့်စွာ စောင့်ဆိုင်းရခြင်းမရှိဘဲ ဦးစားပေးကာ ပြည့်စုံအောင် ဆောင်ရွက်ပေးခြင်း။

(၅) ကျန်းမာရေးနှင့် ပတ်သက်႟ သိသင့်သိထိုက်သော သတင်းအချက်အလက်များ၊ ကျန်းမာရေး ပညာပေး စာစောင်များကို အခမဲ့ဖြန့်ဝေခြင်း။

(၆) အောက်ဖော်ပြပါ ကုန်ကျစရိတ်များကို သတ်မှတ်စျေးနှုန်းထက် သက်သာစေခြင်း။

  • ဆေးဝါးများဝယ်ယူခြင်း (၂%)
  • ရောဂါရှာဖွေစမ်းသပ်မှုများ (၅%)
  • အရေးပေါ်လူနာတင်ယာဉ် အသုံးပြုခ(၁၀%)
  • ဆေးအဖွဲ့ပါသော အရေးပေါ်လူနာတင်ယာဉ် အသုံးပြုခ (၁၀%)
  • အတွင်းလူနာအခန်းခ (၅%)
  • ခွဲစိတ်ခန်းခ (၅%)
  • မွေးခန်းခ(၅%)

(၇) အသင်းဝင်သက်တမ်း(၃)နှစ်နှင့် အထက် အသင်းသားများအား Diamond Member အသင်းဝင်ကဒ်ပြား ထုတ်ပေးမည်ဖြစ်ပြီး၊ အထက်ဖော်ပြပါ အခွင့်အရေးများအပြင် အောက်ပါအတိုင်း စျေးနှုန်းသက်သာမှုကို ရရှိပါမည်။

  • ဆေးဝါးများဝယ်ယူခြင်း (၃%)
  • ရောဂါရှာဖွေစမ်းသပ်မှုများ (၈%)
  • အတွင်းလူနာအခန်းခ(၁၀%)

မှတ်ချက်။          ။ အသင်းသားသည် ဆေးခန်းသို့ ဆေးစစ်ခြင်း၊ ဆေးကုသခြင်းအတွက် လာရောက်ရာတွင် အသင်းဝင်ကဒ်ကို ယူဆောင်လာခြင်းဖြင့် အထက်ဖော်ပြပါ အခွင့်အရေးများကို ရရှိစေပါမည်။ အထက်ပါ အထူး အခွင့်အရေးများရရှိစေရန် ဆေးရုံရှိ PRC ဌာန(သို့) ဧည့်ကြိုဌာနသို့ ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်ပါသည်။

အသင်းသားဖြစ်ရန် သတ်မှတ်ချက်များ

(၁) အသက်အရွယ် ကန့်သတ်မှုမရှိပါ။

(၂) နာတာရှည်ရောဂါရှိသူများလည်း အသင်းဝင်နိုင်ပါသည်။

(၃) မူးယစ်ဆးစွဲသူများကို အသင်းဝင်ခွင့် မပြုပါ။

(၄) အသင်းသားဖြစ်မြောက်ရန်အတွက် တစ်ဦးလျှင် အသင်းဝင်ကြေး (၁၅၀၀၀၀)ကျပ် ( တစ်နှစ်စာ အကျိုးသက်ရောက်မှု ရှိပါသည်) နှင့် နှစ်စဉ်ကြေးကို သက်ဆိုင်ရာ အသင်းသားအမျိုးအစားအပေါ် မူတည်႟ ပြောင်းလဲ ကောက်ခံမည်ဖြစ်ပါသည်။

(နှစ်စဉ်ကြေးမှာ အခါအားလျော်စွာ အနည်းငယ် ပြောင်းလဲနိုင်ပါသည်။×

(၅) အသင်းဝင်ဖြစ်ပြီးနောက်ပိုင်း ဤဆေးရုံတွင် မွေးဖွားသောကလေးဖြစ်ပါက ကလေးအသက် (၅)နှစ်အထိ အသင်းသား မိခင် ပေးသွင်းထားသည့် အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများမှ မိခင်နှင့်အတူ အကျိုးခံစားခွင့် ရရှိမည်ဖြစ်ပါသည်။

အသင်းသားအဖြစ်မှ ရပ်စဲခြင်း

အောက်ပါအကြောင်းတစ်ခုခုဖြစ်ပေါ်လာပါက အသင်းသားအဖြစ်မှ ရပ်စဲသည်ဟု သတ်မှတ်သည်။

(၁) နှစ်စဉ် အသင်းဝင်ကြေးပေးဆောင်ရန် ပျက်ကွက်ခြင်း။

(၂) မိမိဆန္ဒအလျောက် အသင်းသားအဖြစ်မှ နှုတ်ထွက်ခြင်း။

(၃) သေဆုံးခြင်း။

(၄) အစိုးရပြစ်ဒဏ်တစ်ခုခုကျခံရခြင်း။

မှတ်ချက်

မည်သည့်အကြောင်းကြောင့်မှ အသင်းဝင်ကြေးကို ပြန်လည်ထုတ်ပေးမည်မဟုတ်ပါ။

အသင်းသားများ လိုက်နာရမည့် အချက်များ

(၁) ဆေးခန်းသို့လာတိုင်း အသင်းဝင်ကဒ်ကို မပျက်မကွက် ယူဆောင်လာရပါမည်။

(၂) အသင်းဝင်ကဒ်ပြားကို အခြားသူတစ်ဦးထံသို့ လွှဲပြောင်းရောင်းချခွင့်မရှိပါ။

(၃) အသင်းဝင်ကဒ်ပျောက်ဆုံးပါက ညိမ်း(သို့) မြို့တော်ဆေးရုံသို့ ချက်ချင်းအကြောင်းကြားရမည်။ကဒ်ပြားတန်ဖိုး ပေးဆောင်႟ ကဒ်အသစ်ထုတ်ယူရပါမည်။

(၄) အသင်းသား၏ လိပ်စာပြောင်းလဲမှုရှိပါက ဆေးရုံသို့ အကြောင်းကြားရပါမည်။

(၅) နှစ်စဉ်ကြေးကို သက်တမ်းကုန်ဆုံးသည့်ရက်မှ တစ်လအတွင်းပေးသွင်းရပါမည်။

အသင်းဝင်ထားခြင်း၏ အားသာချက်

(၁) နှစ်စဉ်ပုံမှန်စစ်ဆေးမှု ခံယူနိုင်ခြင်း၊ ဆေးစစ်ခံရန် မေ့လျော့မှု မရှိတော့ခြင်း။

(၂) ရောဂါကြိုတင်သိရှိရ႟ ကြိုတင်ကာကွယ်မှု၊ အချိန်မီ ဆေးဝါးကုသမှုများ ပြုလုပ်နိုင်ခြင်း။

(၃) ငွေကုန်ကြေးကျနှင့် အချိန်ကုန် လူပင်ပန်းမှု သက်သာစေခြင်း။

(၄) ကျန်းမာရေး ပညာပေးလက်ကမ်းစာစောင်များ အခမဲ့ဖတ်ရှုရခြင်း။

(၅) မိမိကျန်းမာရေးကို ပိုမိုဂရုစိုက်အလေးထားလာသောကြောင့် လူ့သက်တမ်းစေ့နေနိုင်ကာ  “ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါး၊ ကျန်းမာခြင်းသည် ချမ်းသာခြင်းအစစ်”ဟု ပိုမိုအသိဝင်လာစေခြင်း။

(အသင်းဝင်ဖြစ်ပါက “ညိမ်း” နှင့် “မြို့တော်” မည်သည့်ဆေးရုံတွင်မဆို အကျိုးခံစားခွင့် ရရှိနိုင်ပါသည်။

© Copyright 2024 City Hospital Mandalay. All rights reserved.

Feedback
Feedback
How would you rate your experience?
Do you have any additional comment?
Next
Enter your email if you'd like us to contact you regarding with your feedback.
Back
Submit
Thank you for submitting your feedback!