History
ြို့တော်ဆေးရုံလို့ လူသိများတဲ့ ခုတင် ၃၀၀ ဆန့် City Hospital ဟာ ဆိုရင် ၂၀၀၅ ခုနှစ် ဧပြီလမှာ စတင်ဖွင့်လှစ်ခဲ့ပြီး အရည်အသွေးမြင့်တဲ့ ကျန်းမာရေး စောင့်ရှောက်မှု့ တွေကို ယနေ့တိုင် ဝန်ဆောင်မှုပေးလျက် ရှိပါတယ်။ မြို့တော်ဆေးရုံဟာ သမိုင်းဝင် အဆောက်အဦးများ၊ လှပတဲ့ဒေသရှုခင်းများ၊ စုံစုံလင်လင်ရှိသော မန္တလေးမြို့၏ အဓိကနေရာဖြစ်တဲ့ သိပ္ပံလမ်းမကြီး၊ ၆၅ လမ်း နဲ့ ၆၆ လမ်း ကြားပေါ်မှာ တည်ရှိပါသည်။ ဆေးရုံဝန်းရဲ့ အကျယ်အဝန်းဟာ ၄.၁၆ ဧက ရှိပြီး စိမ်းလန်းစိုပြည်တဲ့ ပန်းခြံ နှင့် သစ်ပင်ကြီးများ၊ ကျယ်ဝန်းသော ကားပါကင်များ ပါရှိပါတယ်။ ဆေးရုံအဆောက်အဦးအတွင်း အလွယ်တကူ ဈေးဝယ်နိုင်မယ့် မီနီမတ်၊ စားသောက်ဆိုင်များ ပါရှိသောကြောင့် လာရောက်သူများအတွက် စိတ်ပင်ပန်း သက်သာပြီး အစစ အရာရာ အဆင်ပြေချောမွေ့စေမှာ ဖြစ်ပါတယ်။
မြို့တော်ဆေးရုံဟာ ဆေးပညာနယ်ပယ် စုံလင်တဲ့ အထူးကုဆေးရုံကြီးဖြစ်တဲ့အလျောက် ရပ်နီးရပ်ဝေး အသီးသီးမှ လူနာများစွာရဲ့ ယုံကြည်အားထားမှုကို ရယူနိုင်ခဲ့သဖြင့် မန္တလေးမြို့နဲ့ မြန်မာနိုင်ငံမှာ လူသိများထင်ရှားတဲ့ အကြီးဆုံးပုဂ္ဂလိက ဆေးရုံတွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ ခေတ်မီ စက်ပစ္စည်းကိရိယာတွေကို အသုံးပြုပြီး အတော်ဆုံး အထူးကု ဆရာဝန်ကြီးများက အရည်အသွေးပြည့် ကျန်းမာရေး စောင့်ရှောက်ပေးမှုနဲ့ အတူ လူနာ ဗဟိုပြုစနစ်ကို လက်ကိုင်ထား ကုသပေးတဲ့ ဆေးရုံဖြစ်ပြီး ၂၀၁၃ ခုနှစ်မှ စ၍ ISO အသိအမှတ်ပြု လက်မှတ် ရရှိထားပါတယ်။
မြို့တော်ဆေးရုံမှာ အဆင့်မြင့်ကုသမှုများဖြစ်တဲ့ နှလုံးသွေးကြောချဲ့ခြင်း၊ နှလုံးခွဲစိတ်ကုသခြင်း၊ အသည်းဆေးဖြန်းကုသခြင်း၊ အပူလှိုင်းဖြင့် ကင်ဆာအကျိတ်ချေဖျတ်ခြင်း၊ ကျောက်ကပ် နှင့် ဆီးလမ်းကြောင်းကျောက်ခြေခြင်း အစရှိတဲ့ ကုသမှုများကိုလည်း ဆောင်ရွက်ပေးလျှက် ရှိပါတယ်။
မြို့တော်ဆေးရုံအနေနဲ့ ဆက်လက်လုပ်ဆောင်သွားမယ့် လုပ်ငန်းတွေကတော့ အကောင်းဆုံး ကျန်းမာရေးစောင့်ရှောက်မှုများပေးနိုင်ရန် အတွက် ဝန်ဆောင်မှု အဆင့်မြှင့်တင်ခြင်း၊ ကင်ဆာအထူးကုစင်တာ၊ ကျောက်ကပ်အထူးကုစင်တာ၊ အသည်းအထူးကုစင်တာ စသည့်တို့်ကို တိုးချဲ့ဝန်ဆောင်ပေးသွားဖို့ စီစဉ်ဆောင်ရွက်လျှက် ရှိပါသည်။
ရှေ့ဆက်ပြီး မြို့တော်ဆေးရုံ လာရောက်၍ ကျန်းမာရေးစောင့်ရှောက်မှု ခံယူကြမည့် လူနာနှင့် မိသားစုများ အတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးနိုင်ဖို့ စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။